ရခိုင်ပြည်နယ်ကရောက်ရှိလာတဲ့ ယာယီတိုက်ပွဲရှောင်ပြည်သူအယောက်(၁၈၀)ကျော်ကို တာမွေမြို့နယ်ရှိ ရန်ကုန် အလိုတော်ပြည့်ကျောင်းတိုက်မှာ ခိုလှုံခွင့်ပေးပြီး ကူညီစောင့်ရှောက်ပေးနေတယ်လို့ ရန်ကုန်အလိုတော်ပြည့် ကျောင်းတိုက်ဆရာတော် အသျှင်ကုမာရက one news ကိုမိန့်ပါတယ်။

ဒီဇင်ဘာလ(၁၅)ရက်ညနေပိုင်းက အဲဒီကျောင်းတိုက်မှာပြုလုပ်တဲ့ အလိုတော်ပြည့်ဆရာတော်ကြီးကိုဦးထိပ်ထား ပြီးသံဃာတော်တွေနဲ့သီလရှင်တွေကိုစားသောက်ကုန်တွေဆက်ကပ်လှူဒါန်းတာ၊ ယာယီတိုက်ပွဲရှောင်ပြည်သူ တွေနဲ့အနှေးယာဉ်မောင်းလုပ်သားတွေကိုစားသောက်ကုန်တွေလှူဒါန်းပွဲမှာအခုလို မိန့်ကြားခဲ့တာပါ။

အခက်အခဲဖြစ်လို့ရောက်ရှိလာတဲ့ ယာယီတိုက်ပွဲရှောင်ပြည်သူတွေကို နေစရာပေးပြီး အခုလိုစားသောက်ကုန်တွေ လှူဒါန်းပေးရာမှာပါဝင်လှူဒါန်းခွင့်ရလို့ ဝမ်းသာပီတိဖြစ်ရသလို အမြန်ဆုံးငြိမ်းချမ်းစေဖို့လည်းဆုတောင်းပေးတယ် လို့သရုပ်ဆောင်အဆိုတော်မီကိုခန့်ကပြောပါတယ်။ခိုလှုံခွင့်ပေးပြီး အခုလိုစားသောက်စရာပါလှူဒါန်းပေးတဲ့အတွက် ဝမ်းသာရသလို ငြိမ်းချမ်းရေးကိုလိုချင်ပြီး နေရပ် ကိုပြန်ချင်တဲ့စိတ်တွေလည်းမကြာခဏဖြစ်မိနေတယ်လို့ ရခိုင်ပြည်နယ်ကနေယာယီတိုက်ပွဲရှောင်လာတဲ့ ပြည်သူ တစ်ယောက်ကပြောပါတယ်။

လတ်တလောရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်မှာ ယာယီတိုက်ပွဲရှောင်ပြည်သူ(၁၈၀)ကျော်ကို ကူညီစောင့် ရှောက်ပေးထားပါတယ်။ ကျောင်းတိုက်အနေနဲ့ သံဃာတော်တွေ၊ သီလရှင်တွေ၊ အနှေးယာဉ်မောင်းလုပ်သား တွေနဲ့အခြေခံအိမ်ထောင်စုတွေကို လပြည့်နေ့တိုင်းစားသောက်ကုန်တွေကို လှူဒါန်းပေးနေတာလည်း (၅)နှစ်ကျော်ရှိပြီဖြစ်ပါတယ်။