မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်တည်ထောင်ခြင်း (၁၁၅)နှစ်ပြည့်မြောက်ခဲ့ပြီး အဲ့ဒီအထိမ်းအမှတ် ညစာစားပွဲကို ဒီဇင်ဘာ၁၆ရက်က ရန်ကုန်မြို့၊ Lotte(လော်တေး) ဟိုတယ်မှာကျင်းပခဲ့ပါတယ်။အခမ်းအနားကို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောတက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia၊(မစ္စမာကျား) မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး သံအမတ်ကြီး Ms. Ma Jia နဲ့ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်တည်ထောင်ခြင်း (၁၁၅)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် ငွေကျပ်သိန်း ၈၀၀၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီးနဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးတို့အတွက် ငွေကျပ်သိန်း ၄၀၀ စီ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။