တနင်္ဂနွေညမှာကစားခဲ့တဲ့ စီးရီးအေပွဲစဉ်အတွင်း ကွင်းထဲလဲကျခဲ့တဲ့ ဖီအိုရင်တီးနားကွင်းလယ်လူ အီဒွါဒို ဘို့ဗ်ဟာ အရေးပေါ်အခန်းထဲမှာ ရှိနေဆဲဖြစ်ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။ ဖီအိုရင်တီးနားအသင်းနဲ့ အင်တာမီလန်အသင်းတို့ ကစားတဲ့ စီးရီးအေပွဲရဲ့ ပွဲချိန် ၁၇ မိနစ်အကျော်မှာပဲ ဘို့ဗ်ဟာ ကွင်းအတွင်းလဲကျသွားခဲ့ တာပါ။
အဲဒီနောက် ကွင်းအတွင်း အရေးပေါ်အသက်ကယ်ကုသမှုတွေ ပြုလုပ်ခဲ့ရပြီး ဘို့ဗ်ကို အရေးပေါ်ကားနဲ့ ဆေးရုံကို တင်ပို့ခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ပွဲကိုတာဝန်ထားတဲ့ ဒိုင်လူကြီးကလည်း ပွဲကိုရပ်နားလိုက်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဘို့ဗ်ဟာ အရေးပေါ်အခန်းထဲမှာ စောင့်ကြည့်မှုကို ခံယူနေရဆဲဖြစ်တယ်လို့ ဖီအိုရင်တီးနားအသင်း ကြေညာချက်မှာ ရေးသားထားပါတယ်။
အရေးပေါ်ခန်းမကို ဘို့ဗ် ရောက်ရှိချိန် စစ်ဆေးချက်တွေအရ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘို့ဗ်ဟာ အခုနွေရာသီမှာ ရိုးမားကနေ ဖီအိုရင်တီးနားကို တစ်ရာသီအငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်ကိုလည်း သဘောတူညီထားသူဖြစ်ပါ တယ်။