အင်ဒိုနီးရှားနိုင်ငံ အီဘူ မီးတောင်ပေါက်ကွဲပြီး နောက်တစ်နေ့ တနင်္ဂနွေနေ့မှာ တောင်ခြေတစ်ဝိုက်က ရွာတွေကို အာဏာပိုင်တွေက ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ပါတယ်။ စနေနေ့ ညနေပိုင်းမှာ ဖြစ်ခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုမှာ မီးတောင်ပြာမှုန်တွေဟာ လေထုထဲကို (၂)မိုင်ခွဲအထိ မှုတ်ထုတ်ခဲ့ပြီး မီးတောင်၀မှာလည်း ခရမ်းရောင်မီးတန်းတွေ ဖြာထွက်ခဲ့ပါတယ်။



မီးတောင်ပေါက်ကွဲမှုအတွင်း ဒေသခံဦးရေ ဘယ်လောက်ကို ရွှေ့ပြောင်းပေးခဲ့လဲဆိုတာကို တော့ အင်ဒိုနီးရှား သဘာ၀ဘေးဆိုင်ရာ အေဂျင်စီ အချက်အလက် ထုတ်ပြန်တာ မရှိပါဘူး။ ဒါပေမဲ့ အာဏာပိုင် တွေက မီးတောင်ရဲ့ပတ်လည် အချင်းမိုင် (၄ မိုင်)ကျော်အတွင်း ဧရိယာကို ရှင်းလင်းနေရာရွှေ့ပြောင်းထားဖို့ အကြုံပြုတိုက်တွန်းထားပါတယ်။