ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လာမယ့်မေလအတွင်း လေဖိအားနည်းရပ်၀န်း(၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁ ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

ဧပြီ(၂၈)ရက် မနက်ပိုင်းမှာ ထုတ်ပြန်တဲ့ မေလ လပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်ကိုထုတ်ပြန်ရာမှာ အခုလို ပါရှိတာပါ။ဒါ့အပြင် အဲဒီကာလအတွင်း အနောက်တောင် မုတ်သုံလေဟာ အားအသင့်အတင့်ရှိနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နိုင်ကာ ကျန်ဘင်္ဂလားပင်လယ် အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။