ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြိုရဲ့ မြောက်ဘက်ကနေ ကုန်းတွင်းပိုင်းဒေသတွေကို ဖြတ်ကျော်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီဖြစ်တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ၃၁ရက် မနက်၇နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ ကုန်းတွင်းပိုင်းဒေသတွေကို ရောက်ရှိခဲ့ကာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားခဲ့တာဖြစ်တယ်လို ဆိုပါတယ်။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မေလ၃၁ရက် မနက်၇နာရီအချိန် နေ့စဉ်မိုးလေဝသသတင်းထုတ်ပြန်ချက်မှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တိုမှာ မိုးတိမ်တောင်တွေဖြစ်ထွန်းနေတယ်လို ဖော်ပြထားပါတယ်။

မိုးတိမ်တောင်တွေရွေ့လျားတဲ့ နေရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုကြဖိုလည်း အသိပေးထားပါတယ်။