ငလျင်ကြောင့် မန္တလေးမြို့ အောင်မြေသာစံမြိုနယ်ရှိ Sky Villa အဆောက်အဦ ပြိုကျမှုမှာ ဧပြီ ၁ ရက်အထိ သေဆုံးသူ ရုပ်အလောင်း ၁၅ လောင်း ရှာဖွေတွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ဧပြီ ၁ ရက်အထိ သေဆုံးသူ အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၇ ယောက်တို့ရဲ့ ရုပ်အလောင်း ၁၅ လောင်းကို ရှာဖွေတွေ့ရှိထားတာပါ။ အဲဒီအပြင် အသက်ရှင် ကျန်ရစ်သူ အယောက် ၅၀ ကျော်ကိုလည်း ကယ်ဆယ်ထားနိုင် ခဲ့တယ်လို့လည်း သိရပါတယ်။

Sky Villa အဆောက်အဦ ပြိုကျပျက်စီးမှုမှာတော့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့၊ တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အထပ် ၁၁ ထပ်ရှိတဲ့ Sky Villa အဆောက်အဦဟာ ငလျင်ကြောင့် တိုက်ခန်း အချို့ မြေကြီးအောက် ကျွံဝင်ခဲ့ပြီး ခုနစ်ထပ်သာကျန်ရှိတော့တယ်လို့ မန္တလေးမြိုခံတွေက ပြောပါတယ်။