ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာ နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေ ၂၈ ရက် မနက် ၇ နာရီအချိန်မှာ ထုတ်ပြန်ပါ တယ်။မေ ၂၈ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိ နေပါတယ်။

အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ မြောက်ဘက်ကို ဖြည်းညင်းစွာ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားကာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာတော့ မုတ်သုံလေအားအလွန်ကောင်းနေ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အထူးမိုးလေဝသတင်းမှာတော့ လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ မုတ်သုံလေအားအလွန်ကောင်းနေတာကြောင့် လာမယ့် ဇွန်လ ၂ ရက်ထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်တွေမှာ နေရာ စိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန် ထားပါတယ်။