ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ ဇွန်လဒုတိယပတ်အတွင်း လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေလည်း အားကောင်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်၊၊ဇွန်လ ၁၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်တဲ့ ဇွန်လ ဒုတိယဆယ်ရက်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်မှာ အခု လို ပါရှိတာပါ။ ဒါ့အပြင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ ရွာသွန်းမြဲထက် မိုးပိုနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီအပြင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ဆိုပါတယ်၊၊နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ တောင်ပိုင်း)တို့မှာ ၇ ရက်ကနေ ၉ ရက်လောက်အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။အလားတူ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့မှာလည်း ၄ ရက်ကနေ ၆ ရက်လောက်အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။