နေပြည်တော်ပြည်ထောင်စုနယ်မြေနဲ့ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ ဧပြီ ၂၉ ရက် ညပိုင်းကစပြီး ဧပြီ၃၀ရက် နေ့လယ်ပိုင်းလောက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တယ်လို့ သိရပါ တယ်။ နေပြည်တော်အပါအဝင် တချို့ဒေသတွေမှာဆိုရင် လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်တွေပြိုလဲတာ တွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဧပြီ ၂၉ ရက် ညနေပိုင်းကနေ မေလ ၄ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး တချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။အဲဒါကြောင့် အချိန်အခါမဟုတ် မိုးရွာတာနဲ့အတူ လေးပြင်းတွေတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင် သတိပြုကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။