ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနဲ့ပြည်နယ် အများစုမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာ နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီ ၂၄ ရက် မနက် ၇ နာရီအချိန် ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့က လေနွေးတွေနဲ့တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်း ဒေသက ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံတာ၊ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်နဲ့ အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်တို့ကြောင့် မိုးရွာနိုင်တာလို့ ဆိုပါတယ်။နောက် ၂ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ ကချင်၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတစ် လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနိုင်ဖို့ အကြုံပြုထားပါတယ်။