ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ (၅) ရက် မနက်ပိုင်းက မကွေးမြို၊ မြိုတော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ် ကျင်းပြုလုပ်တဲ့အခမ်းအနားဟာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးကို အဓိက အကောင်အထည်ဖော် ဆောင် ရွက်ဖို ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို ဆိုပါတယ်။

အခမ်းအနားမှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားခဲ့ပြီး တိုင်းအဆင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု ကောင်းမွန်တဲ့ ကျေးရွာဆု၊ သန့်ရှင်းပြီး စိမ်းလန်းစိုပြေတဲ့ ကျောင်းဆု၊ စာစီ စာကုံးဆုတွေကို တာဝန်ရှိသူတွေက ဆုတွေချီးမြင့်ပေးခဲ့ပါတယ်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကျောင်းတွေကို ဆုပေးတာဟာ ကျောင်းသားလူငယ်တွေ အသိပညာရပြီး အပင်တွေကို ချစ်တတ်လာစေတယ်လို ပြည်ထောင်စုအဆင့် သန့်ရှင်းပြီး စိမ်းလန်းစိုပြေတဲ့ကျောင်း ဒုတိယဆုရ ပွင့်ဖြူမြိုနယ် အခြေခံပညာ မူလတန်းကျောင်းခွဲ (လှည်းကြီး) ကျောင်းက ဆရာမ ဒေါ်အေးအေးစန်းက ပြောပါတယ်။

ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနအနေနဲ့ ကမ္ဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြိုအနေနဲ့ လူစည်ကားရာ နေရာတွေမှာ ပိုစတာတွေစိုက်ထူတာ တက္ကသိုလ်၊သင်တန်းကျောင်းတွေ စာသင်ကျောင်းတွေမှာ အသိပညာ ပေး ဟောပြောတာ နဲ့ ပလတ်စတစ် အစားထိုးအိတ်တွေ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ တွေကိုလည်း ဆောင် ရွက်ခဲ့တယ်လို သိရပါတယ်။