နေပြည်တော်နဲ့ ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တချိုမှာ ရွာသွန်းမြဲထက် မိုးပိုနိုင်တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ဇွန်လပထမ၁၀ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တိုမှာ ရွာသွန်းမြဲထက် မိုးပိုနိုင်တယ်လို ဆိုပါတယ်။ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးရွာနိုင်တဲ့ရက်တွေအနေနဲ့ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တိုမှာ ၇ရက်ကနေ ၉ရက်ခန့်နဲ့ နေပြည်တော်အပါအဝင် ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ၄ရက်ကနေ ၆ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို ခန့်မှန်းထားပါတယ်။