အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဝူတစ်”ကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် တိုင်း နဲ့ ပြည်နယ် အများစုမှာ ဇွန်လ ၁၉ ရက်ထိ မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြား မှု ဦးစီးဌာနက ဇွန် ၁၃ ရက်၊ ည ၇ နာရီမှာ ထုတ်ပြန်တဲ့ အထူးမိုးလေဝသ သတင်းမှာ ဖော်ပြထားပါတယ်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေ နဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသ တွေမှာ ဒေသအလိုက် နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန် ရံခါ မိုး သက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်ထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာ နဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေ ထိုင်ဖို့ သတိပေး နှိုးဆော်ထားပါတယ်။