ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တိုကလွဲပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ၆ရက်၊ ည၇နာရီမှာ ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကပ္ပလီပင်လာ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တိုမှာ မုတ်သုံလေအားကောင်းလာနိုင်မှု၊ အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိင်းတွေရဲ့ အရှိန်တိုကြောင့် ဇွန်လ၉ရက်ကနေ ၁၅ရက်အတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ်အများစုမှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဒ့အတွက် သတိပြုနေထိုင်ကြဖို အသိပေးထုတ်ပြန်ထားပါတယ်။