ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်တာ၊ မုတ်သုံလေ အားကောင်းနေတာတွေနဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာတွေကြောင့် မေ ၂၅ ရက် ညနေကနေ ဇွန် ၂ ရက်အထိ နိုင်ငံတစ်ဝန်းမှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေ ၂၅ ရက် ညနေ ၆ နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာ ရီတိုင်းဒေသကြီးတွေ နဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြ ထား ပါတယ်။မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီး လက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင် တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံတာတွေကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့ နဲ့ ပြည်တွင်း ရေကြောင်း သွားလာရေးနဲ့ လေကြောင်းပျံသန်းရေး အနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အနောက်တောင်မုတ်သုံလေဟာ မေ ၂၅ ရက်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးကို ဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။