ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ မြောင်းကြီးလမ်းမှာ ဇွန်လ၁၂ရက်၊ ညနေ၆နာရီ ၅မိနစ်က အုတ်တံတိုင်းပြိုကျပြီး မိန်းကလေးငယ်တစ်ယောက် သေဆုံးသွားတယ်လို့ တွဲလက်လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။
အုတ်နံရံပြိုကျပြီး ကလေးငယ်တစ်ယောက်ပိနေတယ်လို့ သတင်းရတဲ့အတွက် အင်းစိန်မြို့နယ် မြို့သစ်(က၊ခ)ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူပူးပေါင်းကာ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာမှာ ကလေးငယ်ရဲ့ရုပ်အလောင်းကိုသာ ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ကလေးငယ်ရဲ့ရုပ်အလောင်းကို အင်းစိန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။