နေပြည်တော်မှာ မတ်လ ၁၀ရက် တစ်ရက်တည်းမှာဘဲ တောမီးလောင်မှု စုစုပေါင်း ၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊

အဲ့ဒီတောမီးလောင်မှုတွေကတော့ ဥတ္တရသီရိမြို့နယ်မှာအများဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး ဥတ္တရသီရိမြို့နယ်အတွင်းမှာ ၅ကြိမ်၊ ပုဗ္ဗသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ၁ကြိမ်၊ ရန်အောင်မြင်ဆည်အနီးမှာ ၁ကြိမ် တောမီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊

တောမီးလောင်မှုဖြစ်တဲ့နေရာတွေကို သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊