မွန်ပြည်နယ်၊ ပေါင်မြို့၊ စာသင်ကျောင်းဝင်းအတွင်းကရေကန်မှာ ဩဂုတ်လ(၁)ရက် ညနေပိုင်းက လူ(၁) ယောက်ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဩဂုတ်လ(၁) ရက် ညနေ(၅)နာရီ မိနစ်(၅၀)အချိန်လောက်က ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ စာသင်ကျောင်းအတွင်းက ရေကန်မှာ အမျိုးသားတစ်ယောက် ရေနစ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အခင်းဖြစ်နေရာကို ပေါင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ရေနစ်သေဆုံးသူရဲ့ရုပ်အလောင်းကိုတော့ ဘစိုးလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်နဲ့ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။