ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေကြီးမှုကြောင့် စက်တင်ဘာလ(၁၆)ရက်အထိ သေဆုံးသူ (၆)ယောက်ရှိခဲ့ပြီး ရေထဲမျောပါသွားသူ(၂)ယောက်ရှိတယ်လို့ ညောင်ရွှေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကသိရပါတယ်။
အင်းလေးဒေသမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတွေကြောင့် စက်တင်ဘာလ(၁၁)ရက်ကစပြီး အင်းလေးကန်အတွင်းရေတွေ ဝင်ရောက်လာကာ နေအိမ်တွေနစ်မြုပ်ခဲ့တာလို့ဆိုပါတယ်။


အင်းလေးဒေသမှာ ရေကြီးမှုကြောင့်အိမ်ခြေ နှစ်သောင်းကျော်ရေဝင်ရောက်မှုတွေရှိခဲ့ပြီး ဒေသတွင်းပရဟိတအဖွဲ့တွေ၊ နယ်ခံပရဟိတအဖွဲ့တွေနဲ့ ဌာနဆိုင်ရာပရဟိတအဖွဲ့တွေစုပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ ညောင်ရွှေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
အခုလက်ရှိမှာ ကယ်ဆယ်ရေစခန်း(၇)ခုဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးစခန်းမှာ လူဦးရေ (၅၆၄၃)ယောက်ကို ကူညီကယ်ဆယ်ထားကာ ဆေးဝါးနဲ့ရိက္ခာတွေလိုအပ်နေတယ်လို့ဆိုပါတယ်။