ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့၊ မိုင်းကိုင်-နမ့်လန်လမ်းပေါ်ရှိ ဆားတော သံကူကွန်ကရစ်တံတားဟာ အောက်တိုဘာ ၁ ရက်၊ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့်ပြိုကျပျက်စီးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
အဲဒီ တံတားဟာအလျား ပေ ၃၆၀၊ အကျယ် ပေ ၃၀၊ ခံနိုင်ဝန် တန် ၆၀ ရှိပြီး တံတားရဲ့မြောက်ဘက်ခြမ်းချဉ်းကပ်လမ်းအကျယ်ပေ ၃၀၊ အလျားပေ ၃၀ ဟာ ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်တွေဖြတ်သန်းသွားလာမှုရပ်တန့်ခဲ့ရတယ်လို့ဆိုပါတယ်။

ရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်းပျက်စီးခဲ့တဲ့ သံကူကွန်ကရစ်တံတားကို မိုင်းကိုင်မြို့နယ်၊ လမ်း/တံတား ဦးစီးဌာန ဝန်ထမ်းတွေနဲ့တာဝန်ရှိသူတွေက အများပြည်သူတွေဖြတ်သန်းသွားလာနိုင်ရေးအတွက် အမြန်ဆုံးပြုပြင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။