မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့အနီးမှာ မေလ ၉ ရက် ညနေ ၃နာရီ ၇ မိနစ်အချိန်လောက်က အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၇အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်၊၊

သာစည်မြို့ရဲ့ တောင်-အရှေ့တောင်ဘက်(၂)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အနက် ၁၀ ကီလိုမီတာ၊ အင်အား ရစ်(ခ်)တာ စကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ မတ်လ(၂၈)ရက်ကနေ ဒီနေ့မေလ(၉)ရက် မနက်ပိုင်းအထိ နောက်ဆက်တွဲ မြေငလျင်စုစုပေါင်း (၁၆၆)ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။