မတ်လ ၃ ရက် မနက် ၁၀ နာရီ ၃ မိနစ် ၁၃ စက္ကန့်အချိန်မှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှား သွားတယ်လို မိုးလေဝသနှင့်ဗလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီမြေငလျင်ဟာ အင်အား ရစ်(ခ်)တာ စကေး ၄ ဒသမ ၅ အဆင့်ရှိပြီး ကမ္ဘာအေးမြေငလျင်စခန်းကနေ မြောက်-အနောက်မြောက်ဘက် (၂၇)မိုင် ခန့်ကွာဝေးတဲ့ တိုက်ကြီးမြို့ရဲ့ အရှေ့တောင်ဘက် (၇)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၆ ဒီဂရီ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာြဖစ်ပါတယ်။

ငလျင်လှုပ်ချိန်ဟာ ၁ မိနစ်လောက်ကြာပြီး အဆောက်အဦတွေပါ တုန်ခါတဲ့အထိ ငလျင်လှုပ်တာကို သိသိသာသာ ခံစားခဲ့ရတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ပြောကြပါတယ်။အခုမတ်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၆ မိနစ် ၅၉ စက္ကန့် အချိန်ကလည်း ညောင်ဦးမြေငလျင်စခန်းကနေ တောင်ဘက် (၆၁)မိုင်ခန့်ကွာဝေးတဲ့ မင်းဘူးမြိုရဲ့ မြောက်-အရှေ့မြောက်ဘက် ၁၀မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၃၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၉၂ ဒီဂရီ၊ အနက် ၁၂၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၃ ဒသမ ၈ ) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့ပါသေးတယ်။