ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ မေလ ၆ရက်ညပိုင်းနဲ့ မေလ ၇ရက်မနက်ပိုင်းတွေမှာ ငလျင်လှုပ်ခတ်မှုတွေရှိခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်၊၊ငလျင်လှုပ်ခတ်မှုတွေကတော့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ မေလ ၆ ရက် ညပိုင်းက ငလျင် ၃ကြိမ်လှုပ်ခတ်ခဲ့ပြီး ရန်ကုန်မြို့နေပြည်သူတွေ သိသိသာသာခံစားခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် မေလ ၇ ရက် မနက် ၁နာရီ ၂၆မိနစ်အချိန်ကလည်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှာ အင်အား ၃.၈ရစ်တာစကေး အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သလို ကျောင်းကုန်းမြို့မှာလည်း အင်အား၃.၂ အဆင့်ရှိ ငလျင်ငယ်တစ်ခုလည်းလှုပ်ခတ်သွားတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံမှာ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ တစ်နိုင်ငံလုံးသိသိသာသာ ခံစားခဲ့ရပြီးပြည်သူတွေအနေနဲ့ ငလျင်ကို ကြောက်ရွံ့ထိတ်လန့်နေကြတာဖြစ်ပါတယ်။