ရန်ကုန်တိုင်းဒေသကြီးအတွင် ငလျင်လှုပ်ခတ်တဲ့အခြေနေနဲ့ မြေသားလှုပ်ရှားမှုအခြေနေတွေကို သိရှိစေဖို့အတွက် မြေငလျင်တိုင်းစက်နဲ့ GPS စက်တွေ တပ်ဆင်ထားတယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီကနေ သိရပါတယ်။အဲဒီစက်တွေကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ မဟာဝိဇယစေတီတော်ကြီး၊ ကိုးမိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်နဲ့ မြောက်ဥက္ကလပမြို့နယ်တွေမှာ တပ်ဆင်ထားရှိတာပါ။

အခုလို ငလျင်တိုင်းတာစက်တွေ တပ်ဆင်လိုက်တဲ့အတွက် ငလျင်လှုပ်ခတ်တဲ့ တည်နေရာနဲ့ လှုပ်ရှားမှု အခြေ အနေတွေကို ပိုပြီး သိလာနိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီက ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။ GPS စက်တွေကနေ ငလျင်ကြီး ဖြစ်စေနိုင်တဲ့ မြေထုရွေ့လျားမှုကို စောင့်ကြည့်နိုင်ပြီး စစ်ကိုင်းပြတ်ရွေ့ကို အဓိက ထားကာ ပဲခူး၊ ရမည်းသင်း၊ ဟဲဟိုး၊ လွိုင်လင် စတဲ့ မြို့နယ်တွေက ပြတ်ရွေ့တွေမှာ တိုင်းတာဖို့ တပ်ဆင်ထားလို့ ဆိုပါတယ်။

အဲဒီမြေငလျင်တိုင်းစက်နဲ့ GPS စက်တွေကို EOS ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီတို့ ပူးပေါင်းကာ ၂၀၁၁ ခုနှစ်က စတင် တပ်ဆင်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် မြန်မာနိုင်ငံမှာ မြေထုရွေ့လျားမှုကို တိုင်းတာတဲ့ စက်တပ်ဆင်ထားတဲ့ စခန်း(၁၇)ခုအပြင် ငလျင်တိုင်းစက် (၁၀)ခုကျော် ကိုလည်း တပ်ဆင်ထားတယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီကနေ သိရပါတယ်။