စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်မြို့အနီးမှာ မေလ(၂၉)ရက် မနက်(၆)နာရီ(၃၂)မိနစ်အချိန်လောက်က အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၂) အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။မေလ(၂၉)ရက် မနက်(၆)နာရီ(၃၂)မိနစ်(၂)စက္ကန့်အချိန်လောက်က ကန့်ဘလူမြေငလျင်စခန်းကနေ အနောက်-အနောက်မြောက်ဘက်(၄၇)မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း မော်လိုက်မြို့ရဲ့အရှေ့တောင်ဘက်မိုင်(၃၀) ခန့်အကွာမှာ အနက်(၈၅)ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ပြီး နောက်ဆက်တွဲမြေငလျင်ငယ်တွေ လှုပ်ခတ်မှုဟာ မေ(၂၅)ရက်အထိ အကြိမ် (၁၈၀) ရှိပြီ ဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။နောက်ဆက်တွဲ ငလျင်ငယ်တွေဟာ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ် အနီးတစ်ဝိုက်မှာ ဖြစ်ပေါ်ခဲ့ တာဖြစ်ပြီး အနိမ့်ဆုံး အင်အား ရစ်(ခ်)တာစကေး ( ၂ ဒသမ ၈ )ကနေ အမြင့်ဆုံးအနေနဲ့ အင်အား ရစ်(ခ်)တာ စကေး (၅ ဒသမ ၉)အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ အင်းလေးဒေသ စတဲ့ နေရာတွေမှာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ရှေးဟောင်းအမွေအနှစ်၊ ဘုရားကျောင်းကန် စေတီပုထိုးတွေနဲ့ စာသင်ကျောင်းတွေ၊ ဌာနဆိုင်ရာအ ဆောက်အဦတွေနဲ့ လူနေအဆောက်အဦတွေ ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်(၆)ခုမှာ သေဆုံးသူ (၃၇၃၉)ယောက်၊ ထိခိုက်ဒဏ် ရာရရှိသူ(၅၁၀၄)ယောက်နဲ့ ပျောက်ဆုံးသူ(၆၈)ယောက်အထိ ရှိလာပြီဖြစ်တယ်လို့ မေလ(၂၇)ရက်အထိ ထုတ်ပြန် ထားတဲ့စာရင်းတွေအရ သိရပါတယ်။