မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ တိုင်းဒေသကြီးပြည်နယ်(၆)ခုမှာ ငလျင်ကြီးဒဏ်ကြောင့် သေဆုံးသူ (၃၇၅၃) ယောက် ရှိပြီဖြစ်တယ်လို့ ဇွန်လ(၁၆)ရက်ထိ စာရင်းတွေအရ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ(၅၁၀၄) ယောက် နဲ့ ပျောက်ဆုံးသူ(၅၃)ယောက် ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်ကြီးဒဏ်ကြောင့် ပြိုကျပြီး ပိတ်မိနေတဲ့အဆောက်အဦတွေထဲက အသက်ရှင်လျက်(၆၅၃)ယောက် ကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။လက်ရှိမှာတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦတွေမှာ ရှင်းလင်းရှာဖွေရေးလုပ်ငန်းတွေကို အဆက်မပြတ် ဆောင်ရွက်ပေးနေကြတယ်လို့ သိရပါတယ်။