မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် ဆက်တွဲမြေငလျင်ငယ်တွေ လှုပ်ခတ်မှုဟာ မေလ(၁၅)ရက်အထိ (၁၇၄)ကြိမ်အထိရှိပြီ ဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နောက်ဆက်တွဲငလျင်ငယ်လှုပ်ခတ်မှုတွေမှာ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်အနီး တစ်ဝိုက်မှာ ဖြစ်ပေါ်တာဖြစ်ပြီး အနိမ့်ဆုံး အင်အား ရစ်(ခ်)တာစကေး( ၃ ဒသမ ၀ )ကနေ အမြင့်ဆုံးအနေနဲ့ အင်အား ရစ်(ခ်)တာ စကေး(၅ ဒသမ ၅)အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ အမရပူရ၊ အင်း၀ ၊မိတ္တီလာ၊ စစ်ကိုင်း၊ နေပြည်တော် စတဲ့ ဒေသတွေမှာ ရှိတဲ့ရှေး ဟောင်းအမွအနှစ်၊ ဘုရားကျောင်းကန် စေတီပုထိုးတွေနဲ့ လူနေအဆောက်အဦတွေ ပျက်စီးခဲ့ရပါတယ်။ဒါအပြင် မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၆ ခုမှာ မေ ၁၅ ရက်အထိ သေဆုံးသူ ၃၇၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ ၅၀၀၀ ကျော် ရှိပြီး အသက်ရှင် ကျန်ရစ်သူ(၆၅၃) ယောက်ကိုလည်း ရှာဖွေ ကယ်ဆယ် နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။