ဂရိမှာ မေလ ၁၃ ရက်က ပြင်းအား ၆ အဆင့်ကျော်ရှိတဲ့ ငလျင်လှုပ်ခတ်သွားကြောင်း US news မှာ ရေးသား ထားပါတယ်။ ပြင်းအား ၆ ဒသမ ၃ ရှိ ငလျင်ဟာ ဂရိနိုင်ငံ Crete ကျွန်းကို ဗဟိုပြုပြီး အနက် ၈၃ ကီလိုမီတာ(၅၂ မိုင်)မှာ လှုပ်ခတ်သွားတယ်လို့ ဂျာမန်ဘူမိသိပ္ပံဆိုင်ရာ သုတေသနဌာန(GFZ)က ပြောကြားထားပါတယ်။

ဒေသခံတွေရဲ့ပြောကြားချက်အရ ငလျင်လှုပ်ခတ်မှုကြောင့် အသေအပျောက် ဒါမှမဟုတ် ပျက်စီးမှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ အီဂျစ်နိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်းမှာလည်း မေလ ၁၃ ရက်က ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အီဂျစ်အခြေစိုက် နက္ခတ္တဗေဒနှင့်ဘူမိရူပဗေဒဆိုင်ရာ အမျိုးသားသုတေသန ဌာနက ထုတ်ပြန်ထားပါတယ်။