မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အနီးမှာ ဇူလိုင် ၃၁ ရက် ည ၈ နာရီ ၅၆ မိနစ်ကျော်အချိန်လောက်က အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊

ဂန့်ဂေါမြို့ရဲ့ အရှေ့ဘက်(၂၃)မိုင်ခန့်အကွာ အနက် ၅၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီအပြင် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် ဆက်တွဲမြေငလျင်ငယ်တွေ လှုပ်ခတ်မှုဟာ ဇူလိုင်(၃၁) ရက် ညပိုင်းအထိ အကြိမ်(၂၀၀)ကျော်ရှိပြီဖြစ်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။