ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြိုအနီးမှာ မေလ ၁၉ ရက် မနက် ၁ နာရီ ၄၅ မိနစ်အချိန်လောက်က အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊

စစ်တွေမြေငလျင်စခန်းကနေ အရှေ့တောင်ဘက် မိုင်(၉၀)ခန့်ကွာဝေးတဲ့ မြန်မာ့ပင်လယ်ပြင်အတွင်း၊ ကျောက်ဖြူ မြိုရဲ့ တောင်ဘက်(၂၉)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အနက် ၂၃ ကီလိုမီတာရှိ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို ဆိုပါတယ်။မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ မတ်လ(၂၈)ရက်ကနေ မေလ(၁၉)ရက် မနက်ပိုင်းအထိ နောက်ဆက်တွဲ မြေငလျင်စုစုပေါင်း (၁၇၇)ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်တယ်လိုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။