ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အနီးမှာ ဇွန်လ ၃ ရက် ညပိုင်းက အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှားသွားခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊ကျိုင်းတုံမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် (၇)မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအပြင် မန္တလေးငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်တွေအပါအဝင် ငလျင်လှုပ်ခတ်မှု စုစုပေါင်းဟာ ဇွန်လ (၃) ရက်အတွင်း (၁၈၅)ကြိမ်အထိ ရှိပြီဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။မတ်လ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ အင်းလေးဒေသ စတဲ့ နေရာတွေမှာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ရှေးဟောင်းအမွေအနှစ်၊ ဘုရားကျောင်းကန် စေတီပုထိုးတွေနဲ့ လူနေအဆောက်အဦတွေ ပျက်စီးခဲ့ရပါတယ်။