ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့အနီးမှာ ဇူလိုင်လ ၁ ရက် မနက်ပိုင်းက အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်၊၊

လင်းခေးမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် (၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အနက် ၁၀ ကီလိုမီတာရှိ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီအပြင် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ပြီးတဲ့ နောက်ဆက်တွဲမြေငလျင်ငယ်တွေ လှုပ်ခတ်မှုဟာ ဇူလိုင်(၁) ရက် မနက်ပိုင်းအထိ (၁၉၇)ကြိမ်အထိရှိပြီ ဖြစ်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။