မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့အနီးမှာ ဇူလိုင် ၃ ရက် မနက် ၇ နာရီကျော်လောက်က အင်အား ရစ်(ခ်)တာ စကေး ၄ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊

တံတားဦးမြို့ရဲ့ အနောက်မြောက်ဘက် (၅) မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာ စကေး ၄ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ငလျင်လှုပ်ခတ်မှုကို မန္တလေးမြို့မှာ နေထိုင်သူတွေလည်း သိသိသာသာ ခံစားခဲ့ရပြီး ငလျင်လှုပ်တဲ့အချိန်ကတော့ မကြာဘူးလို့ မန္တလေးမြို့ခံတချို့က ပြောပါတယ်။မန္တလေးမြေငလျင်ကြီး အပါအဝင် နောက်ဆက်တွဲမြေငလျင် လှုပ်ခတ်မှုဟာ ဇူလိုင် (၃) ရက်၊ မနက်ပိုင်းအထိ (၁၉၈) ကြိမ်အထိရှိပြီ ဖြစ်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။