ငလျင်လှုပ်ရှားနိုင်တဲ့ဒေသ(ဒါမှမဟုတ်) ငလျင်ပြတ်ရွေ့ တည်ရှိရာဒေသတွေမှာ နေထိုင်ကြသူတွေအနေနဲ့ ငလျင်သတိ အမြဲရှိရေးနဲ့ ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ မရှိစေရေး ကြိုတင်ပြင်ဆင်ထားမှုတွေ ပြုလုပ်ထားရမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက မတ်လ ၅ ရက်မှာ ထုတ်ပြန်ပါတယ်၊၊

ငလျင်လှုပ်ပြီးနောက် လုပ်ဆောင်ရမဲ့အချက်တွေအနေနဲ့ မိမိကိုယ်ကို အနာတရ ဖြစ် မဖြစ် စစ်ဆေးတာ၊ နောက်ဆက်တွဲဖြစ်နိုင်တဲ့ အန္တရာယ်မှ ကာကွယ်တာ၊ ရှေးဦးသူနာပြုစုနည်းတွေနဲ့ ပြုစုတာ၊ အဆောက်အဦမှာ ထိခိုက်မှု ပမာဏကို စစ်ဆေးတာ၊ မီးဘေးအန္တရာယ်ကို တွက်ဆပြီး မီးခြစ် မသုံးဖို့နဲ့ မီးခလုတ်တွေကို ပိတ်ထား ကာ ဓာတ်မီးနဲ့ ဘက်ထရီမီးတွေကို အသုံးပြုတာနဲ့ ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့ စတဲ့ လောင်စာနံ့ရရင် အမြန်ဆုံး ထွက်ခွာတာ စတဲ့ အချက်တွေကို လုပ်ဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။၊

မတ်လ ၅ ရက် မနက်အစောပိုင်းက ညောင်တုန်းမြို့ အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာဗဟိုပြုပြီး ပြင်းအား (၅ ဒသမ ၁)အဆင့် အပါအဝင် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်နဲ့ နောက်ဆက်တွဲ ငလျင် ၃ ကြိမ် လှုပ်ခတ် သွားသလို နေ့လယ် ၁၂ နာရီ ဝန်းကျင်ကလည်း ဟုမ္မလင်းမြို့ရဲ့ အနောက်တောင်ဘက်(၂၃)မိုင်ခန့်အကွာ ဗဟို ပြုပြီး ပြင်းအား (၅ ဒသမ ၅)အဆင့်ရှိ ငလျင်တွေလှုပ်ခတ်သွားခဲ့ပါတယ်၊၊ အဲဒီ ငလျင်တွေလှုပ်ခတ်သွားပြီးနောက် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန အခုလို ငလျင်ပြတ်ရွေ့ဒေသတွေမှာ နေထိုင်ကြသူတွေ သတိပြု နေထိုင်ကြဖို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်၊၊