ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ သီပေါမြို့နယ်၊ လာရှိုး-သီပေါလမ်းမကြီးပေါ်မှာရှိတဲ့ စဉ့်အင်ချောင်းကို ကူးဖြတ်တဲ့ ဖောင်ကို ပြန်လည်တည်ဆောက်ပြီးဖြစ်တဲ့အတွက် ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းကစပြီး ကားတွေကို အရင် အတိုင်း ကူးဖြတ်ပို့ဆောင်ပေးနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၁၅ ရက် ညနေပိုင်းက ကား၂ စီးစဉ့်အင်ချောင်းကို ဖောင်နဲ့ဖြတ်ကူးနေချိန် ရေစီးကြောင့် ဖောင်ပျက်စီးသွားခဲ့ပြီး အဲဒီကား ၂ စီး ရေထဲ ကျသွားခဲ့တာပါ။
အဲဒီဖြစ်စဉ်မှာ လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
စဉ့်အင်ချောင်းကူး ယာယီသစ်သားတံတား ကလည်း ရေကျော်နေတာကြောင့် လတ်တလောမှာ အသုံးပြုလို့ မရသေးဘူးလို့ သိရပါတယ်။
ယာယီတံတား အနီးမှာ ဆောက်လုပ်နေတဲ့ စဉ့်အင်တံတားအသစ်ကလည်း ပြီးစီးဖို့ ရက်၂၀ ခန့်လိုသေးတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။