မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းအပေါ်ဘက်ခြမ်းမှာ ဇွန်လ(၁၃)ရက် မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
မနက်(၈)နာရီ အချိန် လောက်က ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းအပေါ်ဘက်ခြမ်း၊ စခန်းလေးအနီးမှာ မြေပြိုမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီမြေပြိုမှုဖြစ်ပွားရာနေရာကို ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ တောင်တက်အသင်းဝင်တွေ၊ ဈေးသူဈေးသားတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး လမ်းရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြရာ နေ့လယ်(၂)နာရီခွဲအချိန်လောက်မှာတော့ လုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။