ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေ နဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်း ဒေသကနေ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၅ ရက်အတွင်း မြန်မာနိုင်ငံအနှံ့အပြား မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၈ ရက်၊ ည ၇ နာရီအချိန် အထူးမိုးလေဝသ သတင်းအဖြစ် ထုတ်ပြန်ချက်အရ သိရတာပါ။
စက်တင်ဘာ ၂၈ ရက်၊ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေ လှိုင်းတွေရဲ့ အရှိန်ကြောင့်၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာကြောင့်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသက ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့ကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၅ ရက်အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာ စိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးတာ တွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ပဲခူးတိုင်းဒေသကြီးတွေ အပါအဝင် တိုင်းနဲ့ ပြည်နယ် အများ စုမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတစ် လျှောက်မှာ မိုးရွာသွန်း တာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ မိုးကြိုးပစ်တာ လျှပ်စစ်လက်တာ နဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နေတဲ့အတွက် ကြိုတင်သတိပြုဖို့နဲ့နောက် ၂ ရက်အတွင်း နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး အပါအဝင် တိုင်းနဲ့ ပြည်နယ်အများစုမှာ မိုးပိုလာနိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနက စက်တင်ဘာ ၃၀ ရက်၊ မွန်းလွဲ ၂ နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။