ငလျင်ဒဏ်ကြောင့် မန္တလေးမြို အမရပူရမြိုနယ်ရှိ ဦးပိန်တံတားမှာ ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိတဲ့အတွက် ယာယီပိတ်ထားတယ်လို သိရပါတယ်။ ဦးပိန်တံတားရဲ့ အလယ်ကျွန်းမှာရှိတဲ့ တံတားအုတ်လက်ရန်းတွေ ထိခိုက်ပျက်စီးမှု ရှိခဲ့သလို တံတားအောက်ခြေတိုင်တချိုနဲ့ တံတားအလယ်ရှိ အုတ်ဇရပ်အောက်ခြေ ကွဲအက်မှု ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။

ဒါ့ကြောင့် မတ်လ ၂၉ ရက်ကတည်းကစပြီး ဦးပိန်တံတားကို ယာယီပိတ်ထားပြီတော့ ပျက်စီးမှုတွေကို ပြင်ဆင်ပြီးမှသာ ပြန်ဖွင့်သွားနိုင်ဖို အခြေအနေ ရှိနေတယ်လို သိရပါတယ်။
အဲဒီ ဦးပိန်တံတားရဲ့ထိခိုက်ပျက်စီးမှုအခြေအနေတွေနဲ့ ပတ်သက်လို မြေပြင်မှာ သတင်းသွားရောက်ရယူနေတဲ့ one news ရဲ့သတင်းထောက် ကိုဝေယံထက်ဝင်းက ပြောပြသွားမှာပါ။

လတ်တလော ဦးပိန်တံတားကို ယာယီပိတ်ထားတဲ့အတွက် အနီးနားရှိ ငှက်လှေဂိတ်က ငှက်လှေသမားတွေ ဝင်ငွေထိခိုက်မှု ရှိသလို ဆိုင်အချိုလည်း ခရီးသည် လာရောက်မှု မရှိတာကြောင့် ဝင်ငွေရရှိမှု လျော့နည်းသွား ကြပါတယ်။

ဦးပိန်တံတား ထိခိုက်ပျက်စီးမှု ရှိခဲ့သလိုပဲ အမရပူရမြိုနယ်က အထင်ကရဖြစ်တဲ့ ပုထိုးတော်ကြီး၊ ကျောက် တော်ကြီး၊ တောင်မင်းကြီးနဲ့ ရွှေဂူကြီးဘုရား စတဲ့ စေတီပုထိုးအချိုလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဦးပိန်တံတားကို ၁၈၄၉ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၁၈၅၁ ခုနှစ်မှာ ပြီးစီးခဲ့ကာ ကမ္ဘာပေါ်မှာ အရှည်ဆုံး ကျွန်းသား တံတား ဖြစ်ပါတယ်။