မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရင် ပြင်တော် နဲ့ စံကျောင်းတော်ပင်မဆောင်ကို အခုနှစ်သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲတော်ကာလအမီ ပြီးစီး အောင်ပြုပြင်သွားမယ်လို့ သိရပါတယ်။

ငလျင်ကြီးဒဏ်ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရင် ပြင်တော်၊ ရတနာစံကျောင်းတော်၊ ဒေသစာရီကြွချီတော်မူရာမှာအသုံးပြုတဲ့ ကရဝိတ်ဖောင် တော်နဲ့ ဖောင်တော်ထားရှိတဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်

ဒါကြောင့် ဘုရားဖူးဧည့်သည်တွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် ဘုရားဂေါပကအဖွဲ့က ဘုရားကျောင်းတော်ပေါ်ကို တက်ရောက်ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။

အခုအခါ ထိခိုက်ပျက်စီးခဲ့ရတဲ့ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရင်ပြင်တော် နဲ့ စံကျောင်းတော် ပင်မဆောင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေကို အခုနှစ်သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲတော်ကာလ အမီပြီး စီးနိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေနဲ့ လုပ်သားတွေက အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အလားတူ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေကလည်း အလှူငွေတွေထည့်ဝင်ပြီး ပါဝင်ကူညီနေတယ်လို့ သိရပါတယ်။