ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်မှာ ဖေဖော်ဝါရီ၂ရက်၊ မနက်၆နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်၇လုံးမီးလောင်ဆုံးရှုံးသွားတယ်လို့ မီးလောင်မှုကို သွားရောက်ကူညီငြှိမ်းသတ်ခဲ့တဲ့ တွဲလက်လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

အဲ့ဒီမီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်က Level 1 မီးသတ်ယာဉ်အုပ်စု၊ အင်းစိန်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်ခဲ့ရပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေကလည်း ဝိုင်းဝန်းကူညီငြှိမ်းသတ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားပြီး မိနစ်၂၀ကျော်အကြာ မနက်၆နာရီ၂၆မိနစ်မှာ မီးငြိမ်းသွားတယ်လို့လည်း ဆိုပါတယ်။မီးလောင်မှုကြောင့် အိမ်၇လုံးမီးလောင်ဆုံးရှုံးသွားပြီး လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့လည်း သိရပါတယ်။မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
ဓာတ်ပုံ-တွဲလက်လူမှုကူညီရေးအဖွဲ့