ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မေလ ၄ ရက်က အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မေလ ၄ ရက်မှာ ထုတ်ပြန်တဲ့ မေလရဲ့အနိမ့်ဆုံးအပူချိန် စံချိန်သစ် အခြေအနေကို ထုတ်ပြန်ရာမှာ အခုလို ပါရှိတာပါ။

အဲဒီမေလ ၄ ရက်က ဟားခါးမြို့နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အနိမ့်ဆုံးအပူချိန် စံချိန်သစ်ဟာ ၆ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် ရှိခဲ့ပြီး မေလ ၃ ရက်ကလည်း အနိမ့်ဆုံးအပူချိန်အနေနဲ့ ၆ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ် ရှိခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် မိုးရွာသွန်းမှု အခြေအနေနဲ့ ပတ်သက်လို့လည်း နောက် ၂ ရက်အတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမယ်လို့ ထုတ်ပြန်ထားပါတယ်။