ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ပျဉ်းမကန်ကျေးရွာအနီးမှာ ဧပြီ ၈ ရက်၊ ညနေပိုင်းက လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သုံးခွမြို့နယ်နေ ဒေသခံတစ်ယောက်က ပြောပါ တယ်။ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကတော့ မိနစ်ပိုင်းပဲ ကြာမြင့်ခဲ့ပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျဉ်းမကန်ကျေးရွာအနီးက နေအိမ် ၃ လုံးလောက်ပဲ ထိခိုက်ပျက်စီးခဲ့ပြီး အခြား ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့တာတော့ မရှိဘူးလို့လည်း သုံးခွမြို့နယ်နေ ဒေသခံတစ်ယောက်က ပြောပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့ မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနဲ့ ပြည်နယ်အများစုမှာ ဧပြီ ၉ ရက်ကနေ ၁၂ ရက်အတွင်း မိုးထစ်ချုန်း ရွာနိုင်တယ်လို့လည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၉ ရက်၊ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။