ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၁၂ရပ်ကွက်ရှိ ဘာတာဈေးမှာ ဖေဖော်ဝါရီ၁၆ရက် မနက် ၀၀နာရီ ၁၁မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားပြီး အဲ့ဒီမီးလောင်မှုကို Level 2ယာဉ်အုပ်စုနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

မီးငြှိမ်းသတ်ရာမှာ ပရဟိတလူမှုကူညီရေးအဖွဲ့တွေကလည်း ဝိုင်းဝန်းပူးပေါင်းငြှိမ်းသတ်ပေးကြပြီး မနက်၁နာရီ၁မိနစ်မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်တဲ့ဗီဒီယိုမှာ ဈေးဆိုင်ခန်းတွေမီးလောင်သွားတာကိုတွေ့ရပြီး မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ဆိုင်ခန်းဘယ်လောက်မီးလောင်ဆုံးရှုံးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဓာတ်ပုံ-MFSD