ကယ်လီဖိုးနီးယားတောင်ပိုင်း လော့စ်အိန်ဂျလိစ်မြို့မှာ ဆိုးရွားတဲ့နှင်းမုန်တိုင်းတိုက်ခတ်မှုတွေ၊ တောမီးလောင် ကျွမ်းမှုတွေနဲ့ ရင်ဆိုင်နေတာကြောင့် ပျက်ဆီးဆုံးရှုံးမှု များစွာဖြစ်ပေါ်ခဲ့ကြောင်း CNN သတင်းမှာ ရေးသားထား ပါတယ်။ဒါဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အဆိုးရွားဆုံးတောမီးလောင်ကျွမ်းမှုဖြစ်တယ်လို့ လော့စ်အိန် ဂျယ်လိစ် ရဲအရာရှိတစ်ယောက်က ပြောကြားထားပါတယ်။

လော့စ်အိန်ဂျယ်လိစ်မြို့မှာ ပြင်းထန်တဲ့ တောမီးတွေ လောင်ကျွမ်းနေတာကြောင့် အဏုမြူဗုံးကြဲချခံရသလို ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။လက်ရှိမှာ တောမီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူငါးယောက်အထိ ရှိလာပြီ ဖြစ်ပါတယ်။ မုန်တိုင်းတိုက်ခတ်မှု ကြောင့် လော့စ်အိန်ဂျယ်လိစ်မှာ အလွန်အန္တရာယ်များတဲ့ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပြီး လော့စ်အိန် ဂျယ်လိစ်မြို့အနီးက လူနေထိုင်ရာရပ်ကွက်ဖြစ်တဲ့ Pacific Palisades မှာ ဧက ၁,၂၆၁ ကျော်အထိ တောမီးဘေး သင့်ခဲ့ပါတယ်။

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာလည်း တောမီးလောင်ကျွမ်းမှုကြောင့် လူသန်းပေါင်းများစွာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပြီး အနီးရောင်အဆင့် အရေးပေါ်အခြေအနေ သတိပေးချက်တွေလည်း ထုတ်ပြန်ထားဖြစ်ပါတယ်။