ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ ဒီဇင်ဘာလ ပထမ(၁၀)ရက်ပတ်အတွင်း လေဖိအားနည်း ရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ပါတယ်။
ဒါ့အပြင် ညအပူချိန်တွေအနေနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ ကယား ပြည်နယ်တွေမှာ ဒီဇင်ဘာလပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့အထက် ပိုနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာတော့ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်လောက်သာ ရှိနိုင်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၆ ရက်ကနေ ၉ ရက်ခန့် မနက်ပိုင်းမှာ မြူထူဆိုင်းနိုင်ပြီး အလားတူ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာလည်း ၂ ရက် ကနေ ၅ ရက်ခန့် မနက်ပိုင်းမှာ မြူထူဆိုင်းနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။