ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ သူနဲ့ဆက်စပ်နေတဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာနိုင်တယ်လို့ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာလ ၉ ရက်မှာ ထုတ်ပြန်ပါတယ်၊၊

ဒီဇင်ဘာလ ၉ ရက် နေ့လယ်၂ နာရီအချိန်ထုတ်ပြန်ချက်မှာ အဲဒီလေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက် မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း သီရိလင်္ကာနိုင်ငံကမ်းလွန် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်းခြေကို ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်၊၊

ဒါ့အပြင် နောက်(၂)ရက်အတွင်း ခန့်မှန်းချက်အနေနဲ့လည်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။