နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ် ၊ဗလသိဒ္ဒိရပ်ကွက်ရှိ ငလျင်ဒဏ်သင့် လူနေ တိုက်ခန်း တွေ အတွင်း နစ်မြုပ်နေတဲ့ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ အရေးကြီးစာရွက်စာတမ်းတွေ၊ ရွှေ၊ငွေ၊ ဆိုင်ကယ် အစ ရှိတဲ့ အရေးကြီးတန်ဖိုးကြီး ပစ္စည်းတွေကို မြန်မာနိုင်ငံမီးသတ်ဖွဲ့ဝင်တွေက ဖော်ထုတ်ပြီး ကာယကံ ရှင်တွေထံ စနစ် တကျ အပ်နှံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဧပြီလ ၁၄ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းအစရှိတဲ့ တိုင်းဒေသကြီးတွေက မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် အင်အားများစွာနဲ့ အခုလို လုပ်ဆောင်ခဲ့တာပါ။

ငလျင်ဒဏ်ကြောင့် ပျက်စီးနစ်မြုပ်ဖုံးလွှမ်းနေတဲ့ တိုက်တွေအတွင်းက အရေးကြီးပစ္စည်းတွေကို ဖောက်ထွင်းရေး စက်တွေ အသုံးပြုဖော်ထုတ်ပြီး ကာယကံရှင်တွေလက်ဝယ်စနစ် တကျအပ်နှံပေးခဲ့တာပါ။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေဖော် ထုတ်လုပ်ဆောင်ပေးနေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မြေပြင်မှာ သတင်းသွားရောက်ရယူနေတဲ့ one news မှ သတင်းအယ်ဒီတာ ဦးကျော်ကျော်လတ်က အခုလိုပြောပါတယ်။

ငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးပြီလို့မှတ်ယူထားရတဲ့ပစ္စည်းတွေထဲက တခြား အိမ်ထောင် ပရိဘောဂပစ္စည်းတွေ၊ အဝတ်အထည်အစရှိတာတွေ ပြန်မရတော့ပေမယ့် အရေးကြီးစာရွက်စာတမ်းတွေ၊ ရှိစုမဲ့စု ရွှေ၊ငွေလေးတွေနဲ့ ဆိုင်ကယ်အစရှိတဲ့ တန်ဖိုးကြီးပစ္စည်းလေးတွေကိုဖော် ထုတ်ရယူပေးတဲ့ အတွက် အရမ်းကျေးဇူးတင်မိတယ်လို့ ငလျင်ဒဏ် သင့်တိုက်ခန်းနေ ပြည်သူတွေကပြောပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းစွမ်းတမံ ကြိုးစား ရယူပေးလို့တန်ဖိုးကြီး ပစ္စည်းလေးတွေ ပြန်လည် ရရှိတဲ့အပေါ်မှာလည်း တိုက်ခန်းနေ ပြည်သူတချို့က သူတို့ရဲ့ခံစားချက်ကို အခုလို ပြောပါတယ်။

မြန်မာနိုင်ငံမှာမတ်လ ၂၈ရက်က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်မန္တလေးငလျင်ကြီးကြောင့် လူအမြောက်အများ သေဆုံး ဒဏ်ရာရရှိတာတွေ၊ ပျောက်ဆုံးနေတာတွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်ရတာတွေ၊ ဘုရားတွေ၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေ ပြိုကျပျက်စီးရတာတွေ၊လမ်း တံတားတွေ၊ ဆေးရုံတွေ၊စာသင်ကျောင်းတွေ ၊ဈေးတွေ၊ အစိုးရ ဌာန ဆိုင်ရာအဆောက်အအုံအစရှိတာတွေလည်း များစွာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။