ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မကွေးတိုင်းအတွင်းမှာ ဇူလိုင် ၁၇ ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း (၂၃၀)ကို ယာယီပိတ်ထားရတယ်လို့ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးကနေ သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းက ပွင့်ဖြူမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ ကံမမြို့နယ်၊ မကွေးမြို့နယ် စတဲ့ မြို့နယ် ၁၄ ခုက ကျောင်းတွေကို ရေဝင်လို့ ယာယီပိတ်ထားရတာဖြစ်တယ်လို့ ဆိုပါတယ်။

ယာယီပိတ်ထားရတဲ့ကျောင်းတွေက ကျောင်းသား/ကျောင်းသူ တွေအတွက် အစားထိုးပြန်လည်သင်ကြားနိုင်ဖို့ စီစဉ်ထားတယ်လို့ မကွေးတိုင်းပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောပါတယ်။
ရေဝင်တဲ့ကျောင်းတွေကို ဇူလိုင် ၉ ရက်ကတည်းက ပိတ်ထားရတာဖြစ်ပြီး ရေကျသွားတာနဲ့ ပြန်လည်ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။