ပဲခူးမြို့၊ ပဲခူးဘူတာဝင်းအတွင်း ရေကျော်နေတဲ့အတွက် ဇူလိုင် ၂၉ ရက်မှာ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေ ယာယီဖျက်သိမ်းထားတယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ကြေညာပါတယ်။
ပဲခူးဘူတာဝင်းအတွင်းက တံတားအမှတ် ၆၀ မှာ ရထားသံလမ်းပေါ် ရေကျော်နေပြီး ရထားတွေ ဖြတ်သန်းလို့မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၉ ရက်မှာ မော်လမြိုင်ဘူတာကနေ ထွက်ခွာမယ့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားနဲ့ ရန်ကုန် ဘူတာကြီးက ထွက်ခွာမယ့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေ ယာယီ ဖျက်သိမ်းထားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒါကြောင့် ဇူလိုင် ၂၉ ရက်အတွက် ဝယ်ယူထားတဲ့ လက်မှတ်တွေကို မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံမှာ မနက် ၆ နာရီကနေ ၁၀ နာရီအထိ ဝယ်ယူထား ပြီးတဲ့ အထက်တန်း၊ ရိုးရိုးတန်း လက်မှတ်တွေကို ငွေပြန်အမ်းပေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။